ပဲခူး  ၄  မေ

 

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးကြီး ဦးသက်ထွန်းနောင် ဦးဆောင်၍ မေ ၃ ရက်နေ့ ညနေပိုင်းအချိန်က ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး) အမှတ်စဉ်(၈၆)တေဇကြီး သင်းတန်းသား/သူများစုပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသက်အရွယ်ကြီး အခြေခံလက်လုပ် လက်စားမိသားစုများအား အခြေခံစားကုန်(၅)မျိုး လှူဒါန်းပေးကြောင်း သိရသည်။

 

အခြေခံစားကုန်(၅)မျိုးလှူဒါန်းပေးရာတွင် ပဲခူးမြို့ နန်းတော်ရာရပ်ကွက်၊ ဥဿာ(၇) လမ်းနှင့်(၈)လမ်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်တို့တွင် နေထိုင်ကြသည့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိကြသော အသက်အရွယ်ကြီးသူ လက်လုပ် လက်စားမိသားစု အိမ်ထောင်စု (၆၀)စာအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်များအပြင် လျှော်ဖွတ်အသုံးပြုနိုင်ရန်အတွက် ဆပ်ပြာတောင့်များကိုပါ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)