ထားဝယ် ဇူလိုင် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများရှိ စံပြစိုက်ခင်းများအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းထိုက်က အကောင်အထည်ဖော် ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့်တာဝန်ရှိသူများက ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်တို့မှ တောင်သူများအား ပိုးသတ်ဆေးနှင့် မြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)