မိုးနဲ ၂၈ ဖေဖော်ဝါရီ


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်းတွင် ဆောင်းသီနှံများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

a

 


အဆိုပါစံပြကျေးရွာ စိုက်ခင်းအတွင်း ဆောင်းသီးနှံများဖြစ်သော အာလူး၊ ပဲပုတ်၊ ရုံးပတီ၊ ဖူးစားပြောင်း၊ ပဲတိုင်ထောင်၊ ရိုးရိုးသခွား၊ သခွားမွှေး၊ ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ ဟင်းစားသီးနှံများ စိုက်ပျိုးထားရှိကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဆောင်းသီးနှံများ ဈေးကောင်းရရှိရေးနှင့် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန် ပညာပေးဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

a

 


မျိုးညွန့်ရွှေ(မိုးနဲ)