နတ်တလင်း  ၁၈   စက်တင်ဘာ 


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျခတ်ဝါးရုံ ကျေးရွာအုပ်စု၌ စိုက်ပျိုးထားရှိသော ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ကွင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်     ၈နာရီခွဲက တောင်သူ ဦးဇော်ကြီးနှင့် ဦးမြင့်ကြိုင် တို့၏ စံပြစိုက်ကွင်းတွင် ကျင်းပပြုလုပ်သည်။ 


အခမ်းအနားတွင်သာယာဝတီခရိုင်စိုက်ပျိုးရေးဦးစီးဌာန သီးနှံ့ပိုးမွှားရောဂါကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ခင်စိန်က စပါးပင်များတွင် ကျရောက်တတ်သည့်ပိုးမွှားရောဂါများအကြောင်းနှင့် ကာကွယ်နည်းမျာအကြောင်းကို ဆွေးပြေကြားသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသူက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်းနှင့် စံပြစိုက်ကွင်းဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်းအတွင်းသို့ဆင်း၍ စုပေါင်းမျိုးကွဲဖယ်ခြင်း ပိုးမွှားရောဂါကျရောက်မှုကို စစ်တမ်းကောက်ယူခြင်း၊ မြေချဉ်ငံကိန်းမြှင့်တင်ခြင်းလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်လုပ်ကိုင်ကြသည်။ 


ရရှိလာသော အဖြေများကို တောင်သူများအား ရှင်းပြခြင်းနှင့် သီးနှံများဘေးအန္တရာယ်ကင်းရှင်းစေရန် စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် GAP လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။


ကွင်းသရုပ်ပြပွဲသို့ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးများ ကျခတ်ဝါးရုံကျေးရွာမှ တောင်သူများ စုစုပေါင်း ၈၀ ခန့် တက်ရောက်လေ့လာကြကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်

 

1