ဘက်စုံသားဖွား ဒီပလိုမာ အပတ်စဉ်(၇) သင်တန်းသူများ ဦးဆောင်းအပ်နှင်း

မြိတ် ၁ မတ် 


ကျေးလက်နေ မိခင်လောင်းများ၏ ကျန်းမာရေးကို အထူးဂရုပြု အထောက်အပံ့ ဖြစ်စေရန်နှင့် မိခင်သေဆုံးမှု လျှော့ချနိုင်ရန်အတွက် ဘက်စုံသားဖွား သူနာပြု ဆရာမများ၏ အခန်းကဏ္ဍမှာ များစွာ အရေးပါလျှက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ သားဖွားသင်တန်းကျောင်း (မြိတ်)မှ (၂၀၁၈-၂၀၂၀) ပညာသင်နှစ်၏ ဘက်စုံသားဖွား သူနာပြုသင်တန်းသူများ ဦးဆောင်းအပ်နှင်းပွဲကို မတ် ၁ ရက်၊ နံနက်  ၁၀ နာရီက အဆိုပါသင်တန်းကျောင်း ခန်းမတွင် ပြုလုပ်သည်။

 

1


ရှေးဦးစွာ မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်မှ အမှာစကား ပြောကြားကာ မြိတ်ပြည်သူ့ ဆေးရုံကြီးမှ ခရိုင်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သန္တာမျိုးဝင်းက အစဉ်လေ့လာ သင်ယူလျှက် ပြည်သူအားကိုးထိုက်သည့် သားဖွားသူနာပြု ဆရာမကောင်းများ ဖြစ်အောင်ကြိုးစားကြရန် အမှာစကား ပြောကြားသည်။


ထိုနောက် သားဖွားသင်တန်းကျောင်းအုပ် ဒေါ်နိုင်နိုင်အေးမှ ဦးဆောင်းအပ်နှင်းရခြင်း အဓိပ္ပာယ်အား ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ကြီး နှင့် သူနာပြုအုပ် ဆရာမကြီးတို့မှ သူနာပြု သင်တန်းသူ(၂၁)ဦးအား ဦးဆောင်းအပ်နှင်းကာ သင်တန်းသူများက လက်ဆင့်ကမ်း ဆီးမီးတိုင်များကို ထွန်းညှိ၍ သူနာပြု သစ္စာအဓိဌာန် ရွတ်ဆိုကြကြောင်း သိရသည်။


ဇော်မျိုးနိုင်(မြိတ်ခရိုင်ပြန်/ဆက်)