ဒါကာ ဧပြီ  ၂၀

 

ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ    နှစ်နိုင်ငံ ချစ်ကြည်ရေး     ပိုက်လိုင်းများမှတစ်ဆင့် ရေနံတင်သွင်းခြင်းဖြင့် နိုင်ငံအတွင်း ရေရရှိမှုနှင့် လောင်စာဆီပြတ်လပ်မှုများ မရှိစေရန်တို့အပြင် အထူးသဖြင့် ခြောက်သွေ့ ရာသီတွင် ဓာတ်အားထုတ်လွှတ်မှုကို သက်ရောက်လာမည့် အတားအဆီးများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ  လျှပ်စစ်စွမ်းအင်နှင့်   သတ္တုအရင်းအမြစ်ဌာန၏ ပြည်နယ်ဝန်ကြီး Nasrul Hamid က မတ်လ အတွင်းက  ပြောကြားထားသည်။

 

ရေရရှိနိုင်မှုကို သေချာစေမည် ဆိုပါက ထုတ်လုပ်မှုများ  တိုးတက် လာမည်ဖြစ်ပြီး  ၎င်းသည် လက်ရှိ အစိုးရ၏ကြီးမားသော အောင်မြင်မှုဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dinajpur's Parbatipur ပြည်နယ်ရှိ ပိုက်လိုင်းလက်ခံရေးဌာနသို့ သွားရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ချစ်ကြည်ရေး ပိုက်လိုင်းသည် စွမ်းအင်လုံခြုံမှုရှိစေရန် အထောက်အကူ ပြုလိမ့်မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏    ပါလီမန်အမတ် Nasrul Hamid    က   ပြောကြား သည်။

 

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေးပိုက်လိုင်း အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မြောက်ပိုင်းရှိ ခရိုင် ၁၆ ခုသို့ မြန်ဆန်ပြီး  ကုန်ကျ စရိတ် သက်သာသော  လောင်စာဆီ ထောက်ပံ့မှုရရှိစေရန်အတွက် ဖြစ်သည်။ အိန္ဒိယ၏ Numaligarh ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Parbatipur ပြည်နယ်သို့  တိုးချဲ့မည့် ပိုက်လိုင်းသည် မြောက်ပိုင်းဒေသများတွင် တစ်နေ့လျှင် လောင်စာဆီ  သိုလှောင်မှုပမာဏ တန်  ၂၉၀ဝ၀ တိုးလာစေမည်ဖြစ်သည်။      အဆိုပါ   ပိုက်လိုင်းမှ တစ်ဆင့်    ဓာတ်အားပေး    စက်ရုံများသို့     လောင်စာဆီ အလွယ်တကူ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပြီး မြောက်ပိုင်းဒေသ ၁၆ ခရိုင်သို့ လောင်စာဆီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အမြန်ဆုံး ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။

 

အဆိုပါဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ   စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဌာနခွဲမှ အတွင်းဝန် Dr.Md Khairuzza- man၊ ရေနံကော်ပိုရေးရှင်း၏ဥက္ကဋ္ဌ   ရေနံ၊  သဘာဝဓာတ်ငွေ့နှင့်       သတ္တုကော်ပို ရေးရှင်း၏ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြသည်။ ထို့ပြင်    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina  နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Narendra Modi တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒီဇယ်ဆီ         သယ်ယူပို့ဆောင်ရေး အတွက် နယ်စပ်ဖြတ်ကျော် ရေနံ ပိုက်လိုင်းကို  မတ် ၁၈ ရက်တွင် ပူးတွဲဖွင့်လှစ်ခဲ့သည်။    ဝန်ကြီးချုပ် နှစ်ဦးသည်    ဗီဒီယိုကွန်ဖရင့်မှ တစ်ဆင့် ရေနံပိုက်လိုင်း  အခမ်း အနားကို ဖွင့်လှစ်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ     ရေနံ ကော်ပိုရေးရှင်း (BPC) မှ  တာဝန် ရှိသူများ၏    ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည်  အိန္ဒိယချေးငွေ လိုင်း (LoC) မှ ထုတ်ယူသော ရူပီး ၃ ဒသမ ၄၆ ဘီလီယံခန့် အကုန် အကျခံ တည်ဆောက်ထားသော ကီလိုမီတာ ၁၃၀ ရှည်လျားသည့် ပိုက်လိုင်းမှတစ်ဆင့်    ဒီဇယ်ဆီ တင်ပို့မည်ဖြစ်သည်။  အဆိုပါ ပိုက်လိုင်းသည်  ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်အတွင်း ၁၂၅ ကီလိုမီတာနှင့်         အိန္ဒိယနိုင်ငံ အတွင်း ၅ ကီလိုမီတာ  ရှည်လျားသည်။

မြန်မာ့အလင်း