၂၃ ဇန်နဝါရီ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လက်ခ်ရှ်မီပါခရိုင် ဒါကာမြို့တော် အရှေ့တောင်ဘက် ၁၃၇ ကီလိုမီတာခန့်ရှိ အဝေးပြေးလမ်းတွင် ယနေ့မနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားရာ မိသားစုဝင် ၆ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယနေ့မနက် ၅နာရီက ဆေးရုံတက်နေသော ဆွေမျိုးတစ်ဦးထံ ထော်လာဂျီဖြင့်  သွားရောက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုခရိုင်ရှိ အဝေးပြေးလမ်းမ လှည့်ကင်းတာဝန်ရှိသူ ရှန်ဂျာဟန်ခမ် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထော်လာဂျီမောင်းသူမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကဆိုသည်။အဝေးပြေးလမ်းပေါ်တွင် ထိုထော်လာဂျီကို ကုန်တင်ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  အဝေးပြေးလမ်းကောင်းမွန်မှုမရှိခြင်း၊ ယာဉ်များမကောင်းခြင်း၊ ယာဉ်စည်းကမ်းများ ချိုးဖောက်ခြင်းနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာန၏ စောင့်ကြည့်စစ်ဆေးမှု အားနည်းခြင်းတို့ကြောင့် လမ်းမတော်တဆမှုများဖြစ်ပွားကာ သေဆုံးမှုအမြင့်မားဆုံး နိုင်ငံတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို