၂၉ ဧပြီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် RAB တပ်ပေါင်းစု အဖွဲ့က စစ်သွေးကြွများ ပုန်းအောင်ရာ နေရာ၌ ဗုံးများ ဖောက်ခွဲ ခဲ့ခြင်းကြောင်း စစ်သွေးကြွ ဟု သံသယ ရှိသူ နှစ်ဦး သေဆုံးခဲ့ကြောင့် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယနေ့ပြောကြားခဲ့သည်။
ပြစ်မှုနှိမ်နင်းရေး လက်ရွေးစင်တပ်ဖွဲ့ RAB သည် ယနေ့မနက်စောပိုင်းက စစ်သွေးကြွများ ပုန်းအောင်းနေရာဟု သံသယဖြစ်ဖွယ် ဒါကာ မြို့တော် ဗိုစီလာ ဒေသရှိ သွပ်မိုးအိမ် တစ်လုံးကို ပိတ်ဆို့ဝန်းရံထားခဲ့သည် ဟု သိရသည်။
RAB အဖွဲ့ဝင်များက အဆိုပါ အိမ် ကို ပိတ်ဆို့ဝန်းရံပြီးနောက် ယင်းအိမ်၌ ပေါက်ကွဲမှုအများအပြားဖြစ်ပွားခဲ့ကြောင်း နှင့် ထိုပေါက်ကွဲမှုများကြောင့် ၎င်းအိမ်အမိုးမှာ ဝေးရာသို့လွင့်စင်သွားပြီး စစ်သွေးကြွနှစ်ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်ပိုင်းတစ်စစီ ဖြစ်သွားကြောင်း RAB အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၎င်းပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် ခြေထောက် သုံးချောင်း မြင်ခဲ့ရသဖြင့် သေဆုံးသူ နှစ်ဦးရှိသည်ဟု အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း နှင့် ထိုခန္ဓာကိုယ် အစိတ်အပိုင်းများကို ဒီအန်အေ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အာဏာပိုင်များက မေးမြန်းစစ်ဆေးရန်အတွက် ၎င်းအိမ်စောင့်အပါအဝင် လူလေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့များ ဝိုင်းထားသော ထိုနေရာတစ်ဝိုက် ကို လမ်းသွားလမ်းလာများ နှင့် မော်တော်ယာဉ်များ လှုပ်ရှားသွားလာမှုကို အာဏာပိုင်များက တားမြစ်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို