ဒါကာ၊ မတ် ၇
ဘင်္ဂလားဒေ့ရှ် မြို့တော် ဒါကာရှိ ကုမ္ပဏီ အဆောက်အအုံတစ်လုံးတွင် မတ် ၅ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်။
သေဆုံးသူများကို မီးလောင်မှုဖြစ်ပွားရာ ကုမ္ပဏီအဆောက်အအုံအတွင်း တွေ့ရှိခဲ့ကြောင်း ဒါကာ နယူးမားကတ် ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိ ရှာဟာဘူဟာ့ရှာဘူးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆောက်အအုံမှာ မီးလောင်ကျွမ်းခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒေသတွင်း မီဒီယာများက ဒဏ်ရာရရှိသူ ၄၀ အထိ ရှိလာကြောင်း ဖော်ပြခဲ့သည်။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံ အစိတ်အပိုင်းအချို့ ပြိုကျခဲ့ကြောင်း တာဝန်ခံ အရာရှိက ပြောကြားခဲ့သည်။ နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့် က ရရှိခဲ့သော မီးလောင်မှုသတင်းပေးပို့ချက်အရ မီးသတ်တပ်ဖွဲ့ လေးဖွဲ့ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ရောက်ရှိပြီးနောက် နာရီဝက်အကြာ၌ မီးများကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးကွပ်ကဲမှု တာဝန်ခံဖြစ်သူ ခါလီဒါ ယိစ်မင်က ပြောသည်။ မီးလောင်မှု ဖြစ်ပွားခြင်း၏ နောက်ကွယ်ရှိ အကြောင်းရင်းကို မသိရသေးချေ။
ဆင်ဟွာ