အောက်တိုဘာ ၁၄
ဘင်္လားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏အရှေ့တောင်ဘက် ၂၄၂ ကီလိုမီတာအကွာ ချတ်တိုဂမ်မြို့ရှိ ကာနတ်ပူလီမြစ်ထဲတွင် ငါးဖမ်းသင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ပြီးနောက် ယမန်နေ့ကရုပ်အလောင်းလေးလောင်းထက်မနည်းရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းဖော်ပြထားသည်။
အဆိုပါမြစ်အတွင်းရှိမတူညီသောနေရာများအမျိုးမျိုးမှရုပ်အလောင်းများကို ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ပြန်လည် ရှာဖွေတွေ့ခြင်းခဲ့ခြင်းဖြစ်ကြောင်း ချတ်တိုဂမ်မြို့ ဆာဒတ်မြစ်ကြောင်းဆိုင်ရာရဲစခန်းတာဝန်ရှိသူက သတင်းထောက်များကို ပြောကြားသည်။
ထိုငါးဖမ်းသင်္ဘောမှငါးဖမ်းသမားနှစ်ဦးအပါအဝင် သုံးဦးသည် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။ ယင်းပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကထပ်လောင်း ပြောသည်။
ထိုမြစ်ရေသည်ရေစီးသန်ပြီးလှိုင်းထနေသော်ငြားလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် လျက်ရှိသည်ဟု ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို