နေပြည်တော် ၁၀ ဇွန်
ယနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး ၎င်းတို့မှာ မောင်တောမြို့တွင် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း၊ သို့ဖြစ်၍ ရောဂါပိုးရှိသူ စုစုပေါင်း ၂၄၈ ဦး ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ရောဂါပိုးတွေ့ရှိသူ ၂၄၈ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ စုစုပေါင်း ၁၆၅ ဦးရှိပြီး ၁၄၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
သတင်းစဉ်


