၂၅ ဖေဖော်ဝါရီ 

 


ဘင်္ဂလားဒေ့ရှ်နိုင်ငံလေကြောင်း Biman လေကြောင်းလိုင်း ပိုင် ဒါကာကနေ ဒူဘိုင်းကို ပျံသန်းမယ့် BG 147 လေယာဉ်ပေါ်မှာ အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာ သေနတ်အတုကို အသုံးပြုပြီး တနင်္ဂနွေနေ့ညပိုင်းက လေယာဉ်ပြန်ပေးဆွဲဖို့ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ ပြန်ပေးသမားကို ဘင်္ဂလားဒေ့ရှ် ကွန်မန်ဒိုအဖွဲ့က သေနတ်နဲ့ အသေပစ်သတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ 

ိ


ပြန်ပေးသမားဟာ စိတ်ရောဂါရှိသူဖြစ်ကြောင်း၊ သူနဲ့ သူ့အမျိုးသမီးကြားက အဆင်မပြေမှုကို ဝန်ကြီးချုပ်နဲ့ စကားပြောချင်တဲ့အတွက် လေယာဉ်ကို ပြန်ပေးဆွဲရန် သေနတ်အတုကို အသုံးပြုပြီး ပြုလုပ်ခဲ့ကြောင်း လေဆိပ်မန်နေဂျာ က AFP ကို ပြောပါတယ်။ 

 


လေယာဉ်အမှုထမ်းအပါအဝင် ခရီးသည် ၁၄၈ ဦးလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ စစ်တကောင်း လေဆိပ်ကို အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။ 

 


မွတ်ဆလင်အများစုနေထိုင်တဲ့ လူဦးရေ ၁၆၅ သန်း နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း အစွန်းရောက်အုပ်စုတွေနဲ့ ရင်ဆိုင်မှုနေရပါတယ်။ 

ိ်ေ


၂၀၁၆ ခုနှစ်က နိုင်ငံခြားသား ၁၈ ဦးအပါအဝင် လူ ၂၂ ဦးဟာ IS အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။ 

 


MDN
ကိုးကား - AFP