ဖေဖော်ဝါရီ ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၁၀ ဒသမ ၆၁ သန်း ထပ်မံတိုးလာရာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ မိုဘိုင်းဖုန်းအသုံးပြုသူပေါင်း ၁၉၁ သန်းနီးပါးရှိလာကြောင်း နိုင်ငံ၏ဆက်သွယ်ရေးအဖွဲ့အစည်း၏ နောက်ဆုံးထုတ်ပြန်သောအချက်အလက်များအရ သိရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဖုန်းအသုံးပြုသူဦးရေ ၁၉၀ ဒသမ ၈၁ သန်းအထိ ရှိလာသည်ဟု ဘင်္ဂလားဒေ့ရှ်ဆက်သွယ်ရေးကော်မရှင်က မကြာသေးမီက ဖော်ပြထားသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းကုမ္ပဏီ လေးခုရှိကြောင်း၊ ဒီဇင်ဘာလကုန်ပိုင်းတွင် Grameen Phone, Robi Axiata, Banglalink Digital Communicationsနှင့် Teletalk Bangladesh မိုဘိုင်းဖုန်းအော်ပရေတာများကိုအသုံးပြုသူ ၈၂ ဒသမ ၂၀ သန်း၊ ၅၈ ဒသမ ၆၇ သန်း၊ ၄၃ ဒသမ ၄၈ သန်းနှင့် ၆ ဒသမ ၄၆ သန်းတို့အသီးသီးရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို