ဇူလိုင် ၂၁
ဘင်္ဂလားဒေ့ရှ်အစိုးရက သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ကိုးဦးထပ်မံသေဆုံးကြောင်း အတည်ပြုသတင်းထုတ်ပြန်ပြီးနောက် နိုင်ငံအတွင်း ဇန်နဝါရီလနောက်ပိုင်း ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅၅ ဦးရှိလာကြောင်း ကျန်းမာရေးဦးစီးဌာနက ယမန်နေ့က ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်းတွင် ယင်းရောဂါဖြင့် သေဆုံးသူများတွင် ဇူလိုင်လ ၁၀၈ ဦးနှင့် ဇွန်လက ၃၄ ဦးတို့ ပါဝင်သည်။
ဇူလိုင်လ ပထမ ရက် ၂၀ အတွင်း ထိုရောဂါကူးစက်ဖြစ်ပွားသူ ၁၉၅၆၉ ဦး ထပ်မံတွေ့ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဦးစီးဌာနက ဖော်ပြထားသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း မြို့တော်ဒါကာတွင် ထိုရောဂါကူးစက်ဖြစ်ပွားသူ ၈၄၅ ဦး အပါအဝင် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၅၅ ဦးရှိသည်ဟု သိရသည်။
ယခုနှစ် ဇန်နဝါရီလနာက်ပိုင်း ယင်းရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၇၅၄၇ ဦးအထိရှိလာကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို