မတ် ၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်(၂၀၂၄ ခုနှစ် ဇူလိုင်လ - ၂၀၂၅ ခုနှစ် ဇွန်လ) ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ နီးပါး ဝင်ငွေရရှိခဲ့ရာ ယခင်နှစ်ကထက် ဝင်ငွေ ၁၀ ဒသမ ၅၃ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ဟု နောက်ဆုံး ဖော်ပြချက်အရသိရသည်။

ပို့ကုန်မြှင့်တင်ရေးဌာန(အီးပီဘီ)က ၎င်း၏ဝဘ်ဆိုက်တွင် ဇူလိုင်လမှ ဖေဖော်ဝါရီလအတွင်း ပို့ကုန်များမှ အမေရိကန်ဒေါ်လာ ၃၂၉၄၂ ဒသမ ၆၆ သန်း ဝင်ငွေရရှိခဲ့ရာ အစောပိုင်းနှစ်က ပို့ကုန်များမှ ဝင်ငွေ ၁၉၈၀၅ ဒသမ ၀၃ သန်းရရှိမှုနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။

အဆိုပါကာလအတွင်း အသင့်ချုပ်ပြီးသိုးမွေးထည်များနှင့် အဝတ်အထည်များမှ ၂၆၇၉၆ ဒသမ ၄၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း အီးပီဘီက ဖော်ပြထားသည်။

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အသင့်ချုပ်ပြီးအဝတ်အထည်များမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၈ ဘီလီယံ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ဝင်ငွေရရှိရန် ပို့ကုန်ရည်မှန်းချက် ချမှတ်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို