ဒါကာ မတ် ၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် မတ် ၃ ရက်က ဟိုတယ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ လေးဦးခန့် သေဆုံးကြောင်း သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၁ မိနစ်တွင် ခြောက်ထပ်အဆောက်အအုံ၏ ပထမထပ် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း မီးသတ်ဌာန ခေတ္တပြောရေးဆိုခွင့်ရှိသူ တယ်လ်ဟာဘင်ဂျာရှမ်က သတင်း ထောက်များကို ပြောကြားသည်။ မီးသတ်တပ်ဖွဲ့ဝင် အများအပြား၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်တွင် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိတ်လန့် တုန်လှုပ်နေသော ဟိုတယ်ဧည့်သည်များနှင့် ဝန်ထမ်းများမှာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း အခန်းများတွင် ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သေဆုံးသူများမှာ အသက်ရှူမွန်းကျပ်၍ သေဆုံးခြင်းဖြစ်ကြောင်း ဘင်ဂျာရှမ်ကပြောသည်။
ဆင်ဟွာ