ဒါကာ   ဇွန်   ၁၂

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ပြည်သူများ၏ ကိုဗစ် -၁၉ ရောဂါ ခုခံနိုင်စွမ်း  ကျဆင်းလာမှုကို   ပြန်လည်မြှင့်တင်ပေးရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေသည်ဟု  အရာရှိ တစ်ဦးက ပြောသည်။

အသက် ၆၀ နှင့်အထက်လူများ၊ ကျန်းမာရေးလုပ်သားများနှင့်  နာတာရှည်ရောဂါခံစားနေရသူများကို ကာကွယ်ဆေးထိုးပေးမည့် လှုပ်ရှားမှုပြုလုပ်မည်ဟု ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှု ဦးစီးဌာန၏  ညွှန်ကြားရေးမှူးချုပ်  အမ်ဒီအဘူဂျက်ဖောက  ဇွန် ၁၁ ရက်တွင်ပြောသည်။ ကာကွယ်ဆေးထိုးပေးသည့်  လှုပ်ရှားမှုပြုလုပ်ရန် ကျန်းမာရေးဌာန၌ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ၇ သန်းရှိသည်ဟု ၎င်းကဆက်ပြောသည်။

အိမ်နီးချင်းနိုင်ငံအချို့တွင်   ကိုဗစ်-၁၉   ကူးစက်မှုပြန်လည် ဖြစ်ပေါ်လာသည့်အချိန် ပြည်သူများ အနေဖြင့်  မလိုအပ်ဘဲ အဆိုပါနေရာများသို့   ခရီးသွားလာခြင်းမှ     ရှောင်ရှားကြရန်   အစိုးရက တောင်းဆိုထားသည်။  ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန် ၁၀  ရက်က  ကိုဗစ် -၁၉ ကူးစက်ခံရသူ ၁၃ ဦးတွေ့ရှိခဲ့ပြီး  ဇွန် ၁၁ ရက်တွင်မူ နောက်ထပ်လူနာ ၁၀ ဦး တွေ့ရှိခဲ့သည်။ နိုင်ငံအတွင်း ဇွန် ၅ ရက်မှ စတင်ကာ ယခုနှစ်အတွင်း   ကိုဗစ်-၁၉  ကြောင့်    ပထမဦးဆုံး လူသေဆုံးမှုဖြစ်ပေါ်ခဲ့သည်။                                             

ဆင်ဟွာ