ဇွန် ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၂၅ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာန ဒီဂျီအိတ်ချ်အက်စ်က ယမန်နေ့က ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုအတွက် နမူနာ ၂၃၁ ခုအား စမ်းသပ်စစ်ဆေးခဲ့ကြောင်းနှင့် ထိုစမ်းသပ်စစ်ဆေးမှုများတွင် ကိုဗစ်အတည်ပြုလူနာ ၁၀ ဒသမ ၈၃ ရာခိုင်နှုန်း ရှိကြောင်း တရားဝင်အချက်အလက်ဖော်ပြချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို