ဧပြီ ၂၄

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က မိုးကြိုးပစ်ခံရမှုကြောင့် လူကိုးဦးသေဆုံးခဲ့သည်။

 

နိုင်ငံအတွင်းရှိ ဆူနမ်ဂန်ဂျေ၊ မိုလ်ဗီဘာဇာနှင့် ဆာလ်ဟတ်ခရိုင်တို့ရှိဒေသများတွင် ယမန်နေ့ မနက် ၁၀ နာရီနှင့် ၁၁ နာရီကြားအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် သေဆုံးမှုများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုသည် ကျေးလက်ဒေသများရှိ ၎င်းတို့၏ လယ်ယာမြေများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

 

ခြောက်သွေ့သောရာသီဥတုမှရာသီဉတုပြောင်းလဲမှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့်  ရာနှင့်ချီ၍သေဆုံးခဲ့ရာ နှစ်စဉ်သေဆုံးမှုမြင့်မားလျက်ရှိသည်။

 

ရာသီဥတုပြောင်းလဲခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုပိုမိုဖြစ်ပွားခဲ့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို