ဒါကာ၊ ဧပြီ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဧပြီ ၂၃ ရက် တွင် မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦး သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီး မိုးကြိုးပစ်မှုများကြောင့် ထိခိုက်သေဆုံးသူများမှာ ဆူနာမ်ဂါနီ၊ မော်လ်ဗီဘာဇာ နှင့် ဆဲလ်ဟက်ခရိုင်တို့မှဖြစ်ကာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ နှင့် ၁၁ နာရီအတွင်း ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
မိုးကြိုးပစ်မှုကြောင့် သေဆုံးသူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသော ကျေးလက်ပြည်သူများ ဖြစ်ကြောင်းသိရသည်။ မိုးကြိုးပစ်မှုကြောင့် ထိခိုက်သေဆုံးမှုသည် လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုလို အချိန်အခါတွင် အဖြစ်များလေ့ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်မှုကြောင့် ထိခိုက်သေဆုံးမှုသည် မြင့်တက်လျက်ရှိကာ လွန်ခဲ့သည့် နှစ်များအတွင်း နှစ်စဉ်သေဆုံးသူ ရာနှင့်ချီ၍ ရှိသည်ဟုဆိုသည်။
ဆင်ဟွာ