အောက်တိုဘာ ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းဒေသတွင် ဩဂုတ်လအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားမှုကြောင့် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံနှင့် အခြားကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉ ဘီလီယံ တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါပျက်စီးဆုံးရှုံးမှုသည် စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍများတွင် အများဆုံး ၃၅ ရာခိုင်နှုန်းကျော်ရှိသည်ဟု နိုင်ငံ၏ထိပ်တန်းမူဝါဒရေးရာဆွေးနွေးညှိနှိုင်းရေးစင်တာမှ ယမန်နေ့က ထုတ်ဖော်ပြောကြားသည်။

နိုင်ငံအရှေ့တောင်ပိုင်းတွင် ဖြစ်ပွားသောရေကြီးရေလျှံမှုများကြောင့် ကလေး နှစ်သန်းကျော်အပါအဝင် လူပေါင်း ၅ ဒသမ ၆ သန်းထက်မနည်းထိခိုက်ခဲ့ပြီး ၅၂ ဦး ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို