မတ် ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။
မြို့တော်ဒါကာရှိ အရောင်းအဝယ်လုပ်ငန်းများစည်ကားရာအရပ်တွင် ယမန်နေ့က ခုနစ်ထပ်အဆောက်အအုံတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် ယင်းအဆောက်အအုံ၏ပထမနှစ်ထပ်တွင် အများအပြားပျက်စီးခဲ့ပြီး လူပေါင်း ၁၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက ဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေဆဲဖြစ်ကြောင်းနှင့် လူအချို့မှာပျောက်ဆုံးနေဆဲဖြစ်သဖြင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးက ထိုပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုဆုံးဖြတ်ပေးရန် ရဲတပ်ဖွဲ့နှင့် စုံထောက်များက စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းထောက်များအားပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို