နိုဝင်ဘာ ၁၅

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားချိန်ကတည်းက လပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးပြုလုပ်သော အစိုးရစာမေးပွဲများတွင် ကျောင်းသားဦးရေ ၂ ဒသမ ၂ သန်းခန့်သည် ယခုနှစ် အလယ်တန်းကျောင်းဆင်းလက်မှတ်(SSC)နှင့် တူညီသောစာမေးပွဲများကို ယမန်နေ့ကစတင်ပြုလုပ်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နှစ်စဉ် ဖေဖော်ဝါရီလတိုင်းကျင်းပလေ့ရှိသော  စာမေးပွဲဖြေဆိုမှုများသည် ကိုးလကြာ နှောင့်နှေးမှုများဖြစ်ပေါ်ပြီးနောက် ယမန်နေ့ မနက် ၁၀ နာရီက စတင်ကာ စာဖြေဆိုမှုများ ပြုလုပ်ခဲ့သည်။

 

ဒါကာမြို့ရှိ ကျောင်းသားကျောင်းသူများသည် စနစ်တကျတန်းစီကာ ကျန်းမာရေးလမ်းညွှန်ချက်များကို စည်းကမ်းတကျလိုက်နာပြီး စာမေးပွဲစင်တာအတွင်းသို့ ဝင်ရောက်ကြသည်။

 

ထိုကျောင်းသားများ၏ ကိုယ်အပူချိန်ကို စစ်ဆေးရန်အတွက် စာမေးပွဲခန်းတွင် အနီအောက်ရောင်ခြည် သာမိုမီတာများကို တပ်ဆင်ထားသည်။

 

ယခုနှစ်တွင် စာမေးပွဲဖြေဆိုသူများသည် အတိုချုံးသင်ရိုးညွှန်တမ်းများဖြင့် ၎င်းတို့၏စာမေးပွဲများကို ဖြေဆိုလျက်ရှိသည်။

 

ရောဂါကူးစက်မှုအခြေအနေ တိုးတက်လာသည်နှင့်အမျှ ဘင်္ဂလားဒေ့ပညာရေးအဖွဲ့အစည်းများကို ယခုနှစ်စက်တင်ဘာလတွင် အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုရပ်တန့်ရန်ကြိုးစားမှုဖြင့် နိုင်ငံအတွင်းရှိ ပညာရေးအဖွဲ့အစည်းအားလုံးပိတ်ထားရန် လွန်ခဲ့သောနှစ် မတ်လ ၁၆ ရက်က ပထမဆုံးကြေညာခဲ့သည်။

 

ပြီးခဲ့သည့်မတ်လကစတင်ကာ နိုင်ငံအတွင်းရှိခရိုင်တိုင်းနီးပါး ကူးစက်မှုဖြစ်ပွားကာ ယနေ့အထိ ရောဂါကူးစက်ခံရသူ ၁၅၇၂၅၀၁ ဦးရှိပြီး သေဆုံးသူ ၂၇၉၂၂ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို