ဒါကာ ဇွန် ၂၇

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သည့်လ နောက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ချောင်းများ ရေကျော်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူပေါင်း ၈၂ ဦးရှိလာကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

ကျန်းမာရေးဆိုင်ရာ အရေးပေါ်ခွဲစိတ် ကုသရေးနှင့်ထိန်းချုပ်ရေးစင်တာ၏ ဇွန် ၂၆ ရက်တွင် ထုတ်ပြန်သည့် နေ့စဉ်ရေကြီးရေလျှံမှု အစီရင်ခံစာအရ သေဆုံးသူအများစုသည် မေ ၁၇ ရက်မှ ဇွန် ၂၅ ရက်တာကာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ မြွေကိုက်ခံရခြင်းနှင့် မိုးကြိုးပစ်ခံရခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ရေကြီးရေလျှံမှုနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကြောင့် သေဆုံးသူအနည်းဆုံး ကိုးဦးရှိကြောင်း သိရသည်။

 

အဆိုပါသေဆုံးသူများအနက် ခုနစ်ဦးသည် ရေနစ်သေဆုံးခြင်းဖြစ်ကာ တစ်ဦးသည် မြွေကိုက်ခံရ၍ သေဆုံးခြင်းဖြစ်ကြောင်းနှင့် ကျန်တစ်ဦးသည် အခြားသော အကြောင်းအချက်များကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

 ဘာသာပြန်- အလင်းသစ်