ဒါကာ ဒီဇင်ဘာ ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မောင်းနှင်သွားလာနေသော ရထားတစ်စင်းပေါ်တွင် ဒီဇင်ဘာ ၁၉ ရက် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သုံးနှစ်အရွယ်ကလေးငယ်နှင့် ၎င်းမိခင်အပါအဝင် လေးဦး သေဆုံး ခဲ့ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ ရထားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှ နိုင်ငံ၏ မြို့တော် ဒါကာသို့ ဦးတည်မောင်း လာသည့် ရထားဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ရထားတွဲသုံးတွဲ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းခဲ့သည်။ ရထားမှာ ခရီးသည်အများအပြား တင်ဆောင်လာသော ရထားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။
ရှို့မီးကြောင့်ဖြစ်နိုင်သော အဆိုပါဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဇန်နဝါရီလတွင် ပြုလုပ်ရန် စီစဉ်ထားသော အထွေထွေရွေးကောက်ပွဲမတိုင်မီ ထိုမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်များနှင့် အတိုက်အခံပါတီများကို ထောက်ခံသူများအကြား ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိသည်။
ထောက်ခံသူများသည် အစိုးရဆန့်ကျင်ဆန္ဒပြမှုများတွင် ပါဝင်လာကြကြောင်း၊ အချို့ဆန္ဒပြသူများ က အကြမ်းဖက်အသွင်ဆောင်လာကြကြောင်း၊ ဘတ်စ်ကားများနှင့် အခြားယာဉ်များကို မီးရှို့ခဲ့ကြကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လုံခြုံရေးမှာ အထွေထွေရွေးကောက်ပွဲမတိုင်မီ ဆိုးဆိုးရွားရွားဖြစ်လာနိုင်ကြောင်း လေ့လာသူများက ပြောသည်။
အင်န်အိတ်ချ်ကေ