နိုဝင်ဘာ ၁၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် ယခုနှစ်အတွင်း သေဆုံးသူပေါင်း ၂၁၃ ဦး ရှိလာကြောင်း အစိုးရက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းထုတ်ပြန်ချက်အရ ထိုရောဂါဖြစ်ပွားမှုကြောင့် ဇွန်လတွင် တစ်ဦး၊ ဇူလိုင်လက ကိုးဦး၊ ဩဂုတ်လက ၁၁ ဦး၊ စက်တင်ဘာလက ၃၄ ဦး၊ အောက်တိုဘာလက ၈၆ ဦးနှင့် နိုဝင်ဘာလက ၇၂ ဦးတို့ သေဆုံးခဲ့ကြသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း ထိုရောဂါဖြစ်ပွားမှုမှာ စက်တင်ဘာလက ၉၉၁၁ ဦး၊ အောက်တိုဘာလက ၂၁၈၃၂ ဦးနှင့် နိုဝင်ဘာ ပထမလဝက်အထိ ၁၁၉၆၈ ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
မြို့တော် ဒါကာတွင် ယခုနှစ်အတွင်း ယင်းရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည်ကို တွေ့ရှိရသည်။
နိုင်ငံအတွင်း ယမန်နေ့က ထိုရောဂါဖြစ်ပွားသူ ၆၉၂ ဦးရှိသည့်အနက် ၃၇၂ ဦးကို မြို့တော်ဒါကာတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် ယခုနှစ်အတွင်း ထိုရောဂါဖြစ်ပွားသူ ၄၉၉၂၂ ဦးရှိပြီး ၄၆၉၂၈ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာခဲ့သည်။ လွန်ခဲ့သောနှစ်က ထိုရောဂါဖြစ်ပွားသူ ၂၈၄၂၉ ဦးရှိပြီး ၎င်းတို့အနက် ယင်းရောဂါဖြင့် ၁၀၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို