ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုဦးရေ စက်တင်ဘာလအတွင်းအများဆုံးဖြစ်

အောက်တိုဘာ ၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုအများဆုံးလဖြစ်သည်။

အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှုသည် စက်တင်ဘာလအတွင်း နေ့စဉ်ပျမ်းမျှအားဖြင့် ၁၃ ဦး သေဆုံးကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၃၀ ရက်က ယင်းရောဂါဖြင့် ၁၄ ဦး ထပ်မံသေဆုံးမှုအပါအဝင် စက်တင်ဘာလအတွင်း သေဆုံးသူပေါင်း ၃၉၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၀၃၄၀၆ ဦး ရှိလာသည်ဟု ကျန်းမာရေးဌာနက ဆိုသည်။

ယခုနှစ်လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူပေါင်း ၉၈၉ ဦးရှိလာသည်ဟု ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုတ်သုံရာသီဖြစ်သော ဇွန်လမှစက်တင်ဘာလအတွင်းကာလသည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မြင့်မားသောကာလဟု ယူဆရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို