စက်တင်ဘာ ၃၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၂၁ ဦးရှိရာ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက် အများဆုံးနေ့တစ်နေ့ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ယမန်နေ့က သေဆုံးသူ ရှစ်ဦးရှိသည်ဟု သိရသည်။
ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၅၈ ဦး ရှိလာသည်ဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၉၇၈၆ ဦးအထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက်မြင့်မားမှုကို တိုက်ဖျက်ရန် ခြင်ပေါက်ဖွားမှုနှင့်ပတ်သက်ပြီးစစ်ဆေးရန်နှင့် ပိုးလောင်းနှိမ်နင်းရေးလုပ်ငန်းစီမံချက်များအားကောင်းအောင်ကျန်းမာရေးအာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှ စက်တင်ဘာလအတွင်း မုတ်သုံရာသီကာလသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသော ကာလဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို