ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၄၆ ဦး ထပ်မံတွေ့ရှိ

ဇွန် ၂၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၈၄၆ ဦး ထပ်မံ တွေ့ရှိသောကြောင့် ရောဂါကူးစက်ခံရသူစုစုပေါင်း ၈၆၁၁၅၀ ရှိလာသည်။

 

အဆိုပါရောဂါ ကူးစက်ခံရမှုကြောင့် ၇၆ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၁၃၇၀၂ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၇၈၈၃၈၅ ဦး ရှိသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဧပြီ ၇ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်သူ ၇၆၂၆ ဦးရှိသဖြင့်  ထိုနေ့သည် ရောဂါနေ့စဉ် ကူးစက်မှုတွင် အမြင့်ဆုံးနေ့ ဖြစ်သည်။

 

ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၁၂ ဦး သေဆုံးခဲ့ရာ သေဆုံးမှုအများနေ့ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို