ဇွန် ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ် ဇွန် ၂၂ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ငါးဦးရှိရာ သေဆုံးမှုအများဆုံးနေ့တစ်နေ့အဖြစ်စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုဦးစီးဌာန ဒီဂျီအိတ်ချ်အက်စ်က ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၃၆ ဦး ရှိကြောင်း ဖော်ပြထားသည်။

ယခုနှစ် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၄၃၃ ဦးရှိသည်ဟု ဒီဂျီအိတ်ချ်အက်စ်ကဆိုသည်။

အိမ်နီးချင်းနိုင်ငံအများအပြားတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားလျက်ရှိရာ ယင်းနေရာများသို့ ခရီးသွားလာခြင်းမပြုကြရန် အစိုးရအဖွဲ့က ပြည်သူများအား သတိပေးပြောကြားထားသည်။

ထိုရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် ဆိပ်ကမ်းများအားလုံး၌ ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ကြည့်ရေး အစီအမံများကိုတိုးမြှင့်ဆောင်ရွက်ရန် ဒီဂျီအိတ်ချ်အက်စ်က သက်ဆိုင်ရာဌာနများကို ညွှန်ကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို