နိုဝင်ဘာ ၈

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၀၀၀၀၀ နီးပါးရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၁၄၀၀ ကျော် ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ယခုနှစ် နိုဝင်ဘာလ ၇ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၈၃၅၉၃  ဦးနှင့် ၎င်းရောဂါဖြင့် သေဆုံးသူ ၁၄၂၅ ဦးရှိကြောင်း ဖော်ပြထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ ယခုနှစ် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦး၊ စက်တင်ဘာလက ၃၉၆ ဦး၊ အောက်တိုဘာလက ၃၅၉ ဦးနှင့် နိုဝင်ဘာလ ၇ ရက်နေ့အထိ ၇၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

လွန်ခဲ့သောလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၇၇၆၉ ဦးရှိပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၄၁၈ ဦး ရှိသည်ဟု သိရသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၉၅ ဦးထပ်မံတွေ့ရှိပြီး ယင်းရောဂါဖြင့် ရှစ်ဦးထပ်မံသေဆုံးခဲ့သည်။

 

စက်တင်ဘာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအမြင့်မားဆုံးဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၇၉၅၉၈ ဦးရှိပြီး သေဆုံးသူ ၃၉၆ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို