ဇူလိုင် ၁၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအရေအတွက် ဆက်လက်မြင့်မားလျက်ရှိရာ ယမန်နေ့က ယင်းရောဂါဖြင့် ခြောက်ဦးထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာန ( ဒီဂျီအိတ်ချ်အက်စ် )က ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၃၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ်အတွင်း ထိုရောဂါကူးစက်မှုအမြင့်မားဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်ဟု သိရသည်။
ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၂၉၅၄ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။
ဇန်နဝါရီလက ယင်းရောဂါဖြင့်သေဆုံးသူ ခြောက်ဦး၊ ဖေဖော်ဝါရီလက သုံးဦး၊ ဧပြီလက နှစ်ဦး၊ မေလက နှစ်ဦး၊ ဇွန်လက ၃၄ ဦးနှင့် ဇူလိုင်လ လက်ရှိအချိန်အထိ ၂၆ ဦးရှိရာ ယခုနှစ်အတွင်း သေဆုံးသူပေါင်း ၇၃ ဦးရှိလာကြောင်း ထိုဌာနက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၉ ရက်အထိ နိုင်ငံတစ်ဝန်းရှိ ဆေးရုံအသီးသီးတွင် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းလာသူပေါင်း ၁၀၁၃၁ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို