ဇူလိုင် ၁၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၂၁၀၀၀ နီးပါးရှိရာ ထိုရောဂါဖြစ်ပွားမှုအရေအတွက် များပြားလာကြောင်း ကျန်းမားရေးဌာနက ဇူလိုင်လ ၁၆ ရက်ကပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဌာန၏သတင်းထုတ်ပြန်ချက်အရ ယခုလအတွင်း ဇူလိုင်လ ၁၆ ရက် မနက် ၈ နာရီအထိ ယင်းရောဂါဖြစ်ပွားသူ ၁၂၉၀၀ ထပ်မံတွေ့ရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၅၉ ဦးရှိလာသည်ဟု သိရသည်။
ယခုနှစ်အတွင်း ဇူလိုင်လ ၁၆ ရက်အထိ တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၈၇၈ ဦးရှိပြီး ၁၅၈၁၇ ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်း ကျန်မားရေးဌာနကဖော်ပြထားသည်။
၂၀၂၂ ခုနှစ်က ယင်းရောဂါဖြင့် သေဆုံးသူ ၂၈၁ ဦးရှိရာ ၂၀၁၉ ခုနှစ်က ၁၇၉ ဦး သေဆုံးမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်သည် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးမှုအများဆုံးနှစ်ဖြစ်သည်။
၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၂၄၂၃ ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၆၁၉၇၁ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို