ဩဂုတ် ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅၇၁၂၇ ဦးရှိလာ ကြောင်း  ကျန်းမာရေးဦးစီးဌာန( ဒီဂျီအိတ်ချ်အက်စ် )က ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ဩဂုတ်လ ၂ ရက်က သွေးလွန်တုပ်ကွေးရောဂါ ၂၇၁၁ ဦး ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းရောဂါဖြင့် ၁၂ ဦးသေဆုံးခဲ့သည်ဟု ထိုဦးစီးဌာနကဆိုသည်။

ထိုရောဂါဖြစ်ပွားရာမှ ယမန်နေ့က ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၆၃၈ ဦးအပါအဝင် ပြန်လည်ကျန်းမာလာသူပေါင်း ၄၇၅၂၉ ဦးရှိကြောင်း ဖော်ပြထားသည်။

လွန်ခဲ့သောလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၃၈၅၄ ဦးနှင့် ယင်းရောဂါဖြင့် သေဆုံးသူ ၂၀၄ ဦးရှိရာ ထိုရောဂါဖြစ်ပွားမှု အများဆုံးဖြစ်သည်ဟု သိရသည်။

ခြင်မှတစ်ဆင့်ကူးစက်သည့်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်မားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လမှ စက်တင်ဘာလအတွင်း မုတ်သုံရာသီသည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသောရာသီဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို