နိုဝင်ဘာ ၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုဝင်ဘာ ၂ ရက်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ဆယ်ဦးသေဆုံးခဲ့ရာ တစ်ရက်အတွင်းသေဆုံးမှုအမြင့်မားဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ဆောင်မှုများညွှန်ကြားမှုဦးစီးဌာနက ပြောကြားသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃၄၈ ဦး ထပ်မံတွေ့ရှိခဲ့ရာ ယခုနှစ်အတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၃၁၆၅ ဦး အထိမြင့်တက်လာသည်ဟု သိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်သေဆုံးသူ ဇူလိုင်လက ၁၂ ဦး၊ ဩဂုတ်လက ၂၇ ဦး၊ စက်တင်ဘာလက ၈၀၊ အောက်တိုဘာလက ၁၃၄ ဦးအပါအဝင် ယခုနှစ်အတွင်းသေဆုံးသူပေါင်း ၃၁၀ ရှိလာကြောင်း ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှင့်ဆက်စပ်သေဆုံးသူ ၁၇၉ ဦး၊ ၂၀၂၂ ခုနှစ်က ၂၈၁ ဦးရှိပြီး၂၀၂၃ ခုနှစ်က ၁၇၀၅ ဦးရှိရာ နှစ်စဉ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုအမြင့်မားဆုံးနှစ်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် အေးဒိစ်ခြင်ကိုက်ခံရခြင်းမှကူးစက်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ပြင်းထန်သောကြွက်သားနှင့် အဆစ်အမြစ်များနှာကျင်ခြင်း၊ အော့အန်ခြင်း၊ အဖုများထွက်ခြင်းနှင့် ပြင်းထန်သောဖျားနာမှု စသည်တို့ဖြစ်ပေါ်စေသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို