ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲတာဝန်ရှိသူ ၇ ဦးနှင့် အခြား ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၁၈ ရက်က နိုင်ငံအရှေ့တောင်ပိုင်း ဘတ်ဟက်ချာရီခရိုင်တွင် တိုက်ခိုက်ရေးသမားများက ကားလေးစီးကို ပစ်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်က ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူများမှာ မဲရုံတစ်ခုမှ မဲများရေတွက်ပြီး ပြန်လာချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။
ခရိုင်ကိုယ်စားလှယ်များ ရွေးချယ်ရန် ရွေးကောက်ပွဲများကို တနင်္လာနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အတိုက်အခံပါတီမှ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကို သပိတ်မှောက်သောကြောင့် အာဏာရပါတီမှ ကိုယ်စားလှယ်လောင်းများသာ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါတိုက်ခိုက်မှုကို ရွေးကောက်ပွဲအား ဆန့်ကျင်သူများက စီစဉ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
