ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၅၆၄ ဦး၊ ကူးစက်ခံရသူပေါင်း ၇၆၆၇ ဦး ရှိလာ

၁ မေ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၅၆၄ ဦး ရှိရာ ဗုဒ္ဓဟူးနေ့ ကူးစက်ခံရသူအရေအတွက် ၆၄၁ ဦး မှ အနည်းငယ် ကျဆင်းသွားသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ ဦး၊ ထပ်မံကူးစက်ခံရသူ ၅၆၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ နာစီမာ ဆူလ်တန်နာ က ရုပ်မြင်သံကြားလိုင်းများမှ ယမန်နေ့မွန်းလွဲပိုင်းက ထုတ်လွှင့်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၇၆၆၇ ဦး ရှိပြီး ယမန်နေ့က သေဆုံးသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီး နှစ်ဦး အပါအဝင် သေဆုံးသူပေါင်း ၁၆၈ ဦး ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း  လူပေါင်း ၄၉၆၅ ဦး ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ထပ်မံ ပြန်လည်ကောင်းမွန်လာသူ ၁၀ ဦးရှိရာ နိုင်ငံအတွင်း ကူးစက်ခံရမှုမှပြန်လည်ကောင်းမွန်လာသူပေါင်း ၁၆၀ ဦး ရှိသည်ဟု  ၎င်းက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို