၈ ဇွန်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ရဲတပ်ဖွဲ့ဝင် ၁၈၂၈ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၂၀၆ ဦး ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း နှင့် ကူးစက်ခံရသများအနက် ၁၆ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲဌာနချုပ် ပြည်သူ့ဆက်ဆံရေးအရာရှိ AKM Kamrul Ahsan က ယမန်နေ့က ပြောကြားသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသော ရဲတပ်ဖွဲ့ဝင်များအနက် ၂၇၆၇ ဦးမှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည်။

 

ကိုဗစ်-၁၉  ရောဂါကူးစက်မှု စတင်ဖြစ်ပွားခဲ့သော မတ်လမှစတင်ကာ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ကြရန် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်များသည် အခြားသော အေဂျင်စီများနှင့်အတူ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ ရောဂါ ကူးစက်မှုသည် ဘင်္ဂလားဒေ့ရှ်ခရိုင် အားလုံးနီးပါးသို့ ပျံ့နှံ့ကူးစက်ခဲ့ပြီး မေ ၇ ရက်နေ့တွင် ကူးစက်ခံရသူ ၆၅၇၆၉ ဦး အထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ၈၈၈ ဦး ရှိလာသည်။

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် နိုင်ငံအတွင်း အခြားဒေသများနှင့် မြို့တော် ဒါကာ တွင် အသွားအလာ ကန့်သတ်ပိတ်ဆို့မှု ပြန်လည်ချမှတ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ တစ်ဦးက ဇွန်၆ ရက်က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို