၁၅ ဇွန်
ဘင်္ဂလားဒေ့ရှ် ဆေးဘက်ဆိုင်ရာ အဖွဲ့များအား တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က ၎င်းတို့၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် လခြမ်းနီအသင်းမှ အဆင့်မြင့် တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ စေလွှတ်ပေးသည့်အတွက် တရုတ်အစိုးရကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့သည် မြို့တော်ဒါကာရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆေးရုံများသို့ စနေနေ့က သွားရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးဆိုင်ရာ အကြံဉာဏ်များ ပေးခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် သတင်းအချက်အလက်များ ဖလှယ်ခြင်းသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး တရုတ်တိုင်းရင်းဆေးပညာကိုလည်း အလွန်စိတ်ဝင်စားကြောင်း ပြသခဲ့သည်။
တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ဇွန် ၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ဝိုင်းဝန်းကူညီပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သီတင်းနှစ်ပတ်ကြာ နေထိုင်မည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို