၂ ဇူလိုင်
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ သည် တရုတ်နိုင်ငံသို့ ယမန်နေ့က တရားဝင်ခရီးအလည်အပတ်ခရီးထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံအရှေ့မြောက်ဘက်ရှိ တလျန်မြို့တွင်ကျင်းပမည့် ၁၃ ကြိမ်မြောက် Summer Davos ဖိုရမ်သို့ တက်ရောက်မည်ဖြစ်သည်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ နှင့် ဝန်ကြီးအများအပြားပါဝင်သည့် သူ၏ နောက်ပါအဖွဲ့များသည် Biman ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း နိုင်ငံတော်အလံလွှင့်ထူထားသော အထူးလေယာဉ်ဖြင့် မြို့တော် ဒါကာ ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယမန်နေ့က ထွက်ခွာခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ အထောက်အပံ့ ပိုမိုလိုအပ်သဖြင့် ယင်းဖိုရမ်ဆွေးနွေးပွဲတွင် ရောင်းဝယ် ဖောက်ကားမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြမည်ဟု နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က ဝန်ကြီးဌာနမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို