ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော “မိုခါ(MOCHA)”ဆိုင်ကလုန်းမုန်တိုင်း   ဘေးအန္တရာယ်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော် မေ ၁၁

ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မီးသတ်ဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ် ကျရောက် လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ အရေးပေါ်ရှာဖွေကယ် ဆယ်ရေးလုပ် ငန်းများနှင့် အရေးပေါ် ပြုစုခြင်း၊ အရေးပေါ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင် ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ၊ ရိက္ခာများအသင့်စုဖွဲ့ ထားရှိခြင်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်၊ ပူတာအိုမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ၊ သနပ်ပင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊  မွန်ပြည်နယ်၊ မုဒုံမြို့နယ် ၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ၊ လပွတ္တာမြို့ နယ်တို့တွင် ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာ ကွယ်နိုင်ရေး မီးသတ်တပ်ဖွဲ့ဝင်များက အသိပေးနှိုးဆော်ခြင်းများ၊ အသိပညာ ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ် များရှိ မီးသတ်စခန်းအသီးသီးတွင်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ပြုစုခြင်း၊ အရေးပေါ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ကိုလျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အသင့်ကြိုတင်ပြင်ဆင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်