ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းဝင်း နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ(Ph.D) ၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းရာ မင်္ဂလာအခါ၌ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းဝင်း နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ(Ph.D) ၁၃၈၅ ခုနှစ်ကုန်ဆုံး၍ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းရာ မင်္ဂလာအခါ၌ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ

သာသနဿ စ လောကဿ၊ ဝုဎီု ဘဝတုသဗ္ဗဒါ။ သာသနမ္ပိစ လောကဉ္စ၊ ဒေဝါရက္ခန္တု သဗ္ဗဒါ။

သဒ္ဓိံဟောန္တု သုခီသ‌ဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော။ အနီဃာသုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ။

၁။ သာသနဿစ လောကဿ - ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီးနှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအများတို့သည်၊

၂။ ဝုဎီု ဘဝတုသဗ္ဗဒါ - ကောင်းသော တိုးတက် ကြီးပွားချမ်းသာခြင်းနှင့် အခါခပ်သိမ်းဖြစ်ကြပါစေ။

၃။ သာသနမ္ပိစ လောကဉ္စ၊ ဒေဝါရက္ခန္တု သဗ္ဗဒါ- သမ္မာဒေဝ နတ်ကောင်းနတ်မြတ် နတ်အပေါင်းတို့သည် ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်း တို့အား နေ့ရောညဉ့်ပါ အခါခပ်သိမ်း အမြဲမပြတ် စောင့်ရှောက်နိုင်ကြပါစေ။

၄။ သဒ္ဓိံဟောန္တု သုခီသ‌ဗ္ဗေ၊ ပရိဝါရေဟိ အတ္တနော- အလုံးစုံသော တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားသတ္တဝါအပေါင်းတို့သည် မိမိတို့၏အခြွေအရံများတို့ နှင့် အတူတကွ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

၅။ အနီဃာသုမနာ ဟောန္တု၊ သဟသဗ္ဗေဟိ ဉာတိဘိ - အလုံးစုံသော တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအပေါင်းတို့သည် ဆွေမျိုးသားချင်းတို့နှင့် အတူတကွ ဆင်းရဲဒုက္ခမရှိကြ၍ နှစ်သက်ရွှင်လန်းစိတ်ချမ်းသာခြင်းနှင့် စင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းဟူ၍ နှစ်သစ်ကာလအခါသမယ၌ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ နှစ်သစ်ပတ္တနာဆုတောင်းလွှာပြုလိုက်ပါသည်။