ရန်ကုန် နိုဝင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဗဟန်းမြို့နယ်၊ အမှတ်(၁၈)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂)ရပ်ကွက်ရှိ အမျိုးသမီးသက်မွေး အတတ်ပညာ ကျောင်းတွင် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် အတည်ပြုလက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


