ဗဟန်းမြို့နယ်ရှိ IGE Group Of Companies အဆောက်အဦတွင် မီးလောင်မှုဖြစ်

ဗဟန်း  ၂၄ ဧပြီ

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁၂ နာရီက ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ နှင်းဆီကုန်း ဘိုး/ဘွားရိပ်သာအနီး IGE Group Of Companies အဆောက်အဦတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ ဗဟန်းမြို့နယ် မီသတ်စခန်းမှ  မီးငြိမ်းသတ်ယာဉ် (၃)စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း  သိရသည်။

 

အဆိုပါ မီးလောင်မှုမှာ ဝါယာရှော့ဖြစ်ရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)

 

1