ရန်ကုန် ၂၉ နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရှင်စောပုလမ်းတွင် ၂၉.၁၁.၂၀၂၀ ရက်နေ့၊ ၀၀ ၅၀ အချိန်ခန့်က FORD အမျိုးအစား (အနက်ရောင်) မော်တော်ယာဉ်သည် ဗဟန်းမြို့နယ်ဘက်မှ စမ်းချောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် Honda Wave အမျိုးအစား (အနီရောင်) မောင်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး ဆိုင်ကယ်ယာဉ်မောင်းသည် မော်တော်ယာဉ်အောက်ပိုင်း၊ ဂျွိုင်းဆက်နှင့် ဆီတိုင်ကီကြားတွင် ညပ်၍ နေအိမ်ကားဂိုဒေါင်အထိ ပါရှိသွားကြောင်း သတင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆိုင်ကယ် ယာဉ်မောင်း အား ၀၂ ၃၆ အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါသူ အမျိုးသမီး တစ်ဦး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးပြီး ဆိုင်ကယ်ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိသဖြင့် ရဲသူရိန်ပရဟိတအသင်း သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။

MDN

Photo-Myanmar Fire Services Department

 

 127243505_29796101788