ရန်ကုန် ၂၄ ဧပြီ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုများကြောင့် (Stay at home) ချမှတ်ခံထားခြင်းခံရသော ဗဟန်းမြို့နယ်တွင် စျေးဝယ်သူများအား၊ ကာကွယ်ပေးသည့်အနေဖြင့် Stay at home operation အရ နေအိမ်တွင်နေရန် ဖြစ်သော်လည်း နေ့စဉ်ချက်ပြုတ်ရန် စျေးဝယ်ထွက်နေသူများအတွက်၊ လူကြားထဲ သွားရခြင်းကြောင့် မလိုလားအပ်သည့် ကူးစက်မှုများ မဖြစ်ရစေရန်အတွက် မြို့နယ်အတွင်းနေ၊ ပြည်သူလူထုကိုယ်စား သား၊ ငါး ဟင်းသီးဟင်းရွက် ဝယ်ပေးပြီး အိမ်အရောက် ပို့အစီအစဉ်ကို ၂၄- -၂၀၂၀ သောကြာနေ့(ယနေ့)တွင် စတင်နိုင်ရန် စျေးဝယ်အမှာစာများကို စတင်လက်ခံရာ မိဘလုပ်သား ပြည်သူများထံမှ အသားစုံ(၁၁)ပိဿာကျော်၊ ငါး/ပုဇွန်မျိုးစုံ()ပိဿာကျော်နှင့် အသီးအရွက်မျိုးစုံအတွက် အမှာစာရရှိခဲ့ပြီး၊ ထိုအမှာစာများအရ မည်သို့ မည်ပုံထုတ်ပိုးဖြန့်ဝေမည်ကို မြို့နယ်ကော်မတီ၊ အပိုင်းအလိုက် မြို့နယ်လက်ထောက်တာဝန်ခံအရာရှိများနှင့် သက်ဆိုင်ရာစျေးသည်များ တွေ့ဆုံညှိနှိုင်းခဲ့ပြီး သန့်ရှင်း လတ်ဆတ်သော အသား၊ ငါးများနှင့် ဟင်းသီးဟင်းရွက်များကို အိမ်တိုင်ရာရောက် အခမဲ့ပို့ဆောင် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)