နေပြည်တော် ၅ စက်တင်ဘာ
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ကိုရီးယားသမ္မတနိုင်ငံ KB Kookmin Bank မှ President & CEO Mr. Hur Yin နှင့် Industrial Bank of Korea မှ Chairman & CEO Mr. Kim Do Jin တို့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


