ဘရာဇီးအကျဉ်းထောင် ပဋိပက္ခ ဖြစ်ပွားမှုတွင် သေဆုံးသူ ၅၇ ဦး အထိရှိလာ

၂၈ မေ

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ အကျဉ်းထောင် လေးခုတွင် သေဆုံးသူ ထောင်သား ၄၂ ဦး ကို ထောင်ကြပ်များက တွေ့ရှိခဲ့ကာ  မကြာသေးမီ က ဖြစ်ပွားခဲ့သော အကျဉ်းထောင် ပဋိပက္ခ မှ ယနေ့ အထိ သေဆုံးသူပေါင်း ၅၇ ဦး ရှိကြောင်း သိရသည်။

Anisio Jobim အကျဉ်းထောင်တွင် တနင်္ဂနွေနေ့က ဧည့်တွေ့ချိန်အတွင်း ထောင်သားများအကြား ထွေးလုံးသတ်ပုတ်ရင်း ထောင်သား ၁၅ ဦး သေဆုံးခဲ့သည်။

ယင်းသေဆုံးသူများမှာ သွားပွတ်တံဖြင့် ထိုးသတ်ခြင်း သို့မဟုတ် လည်မျိုညှစ်ခံရခြင်း တို့ကြောင့် ဖြစ်သည်။

ယနေ့မနက်အစောပိုင်းတွင် Anisio Jobim အကျဉ်းထောင်တွင်သာမက Manaus မြို့ရှိ အခြားသော အကျဉ်းထောင် သုံးခုတွင်လည်းပဲ အလောင်း ၄၂ လောင်းကို တွေ့ရှိကြောင်း အာဏာပိုင်များက  သတင်းထုတ်ပြန်ခဲ့သည်။

အကျဉ်းထောင်အုပ်ချုပ်ရေးရုံးက ထိုအခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အကျဉ်းသားမျာကို  ယခု တိုက်ပိတ်ထားကြောင်း ပြောကြားခဲ့သည်။
    
ထွက်ပြေးသည့် အကျဉ်းသား (သို့မဟုတ် )ဒဏ်ရာရသည့် ထောင်ကြပ်များ သတင်း ယခုချိန်ထိ ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို