ရန်ကုန် နိုဝင်ဘာ ၁၉
ဘရာဇီးလ်နိုင်ငံ၏ (၂၀၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ညနေ (၅)နာရီခွဲတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး၏ နေအိမ်၌ ကျင်းပသည်။
ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာ၀န်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Gustavo Rocha de Menezes နှင့် တာ၀န်ရှိသူများက ဒုတိယဝန်ကြီးနှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံသံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧည့်ခံပွဲတက်ရောက်လာကြသူများကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


