၁၄ မတ်

 


ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့ဆင်ခြေဖုံးတွင် ဗုဒ္ဓဟူးနေ့က စာသင်ကျောင်းတစ်ခုတွင် သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေနတ်သမားနှစ်ဦး အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည်။

 


မျက်နှာဖုံးတပ်ထားသည့် သေနတ်သမားများက စူဇာနိုပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို စီးနင်းတိုက် ခိုက်ခဲ့ပြီး ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၉နာရီ ၃၀မိနစ်တွင် ဖြစ်ပွားခဲ့သည်။

 

မ

 

ကျောင်းသားငါးဦးနှင့် ဆရာဆရာမ သုံးဦးသေဆုံးခဲ့ပြီး ၁၀ဦးကျော်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အဆိုပါ ကျောင်းတွင် အသက်ခြောက်နှစ်မှ ၁၈နှစ်အရွယ် ကျောင်းသားပေါင်း ၁၀ဝ၀ခန့်ရှိပြီး ပစ်ခတ်မှုဖြစ်ပွား ချိန်တွင် ကျောင်းကို ခေတ္တပိတ်ထားခဲ့သည်။ 

 

သေနတ်ပစ်ခတ်သူနှစ်ဦးမှာ အသက်၁၇နှစ်နှင့် ၂၅နှစ်အရွယ် ကျောင်းသို့လာရောက်လေ့ရှိသူများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ိ

 

တိုက်ခိုက်ရေးသမားများသည် လေးနှင့်မြှားအပါအဝင် အခြားလက်နက်များလည်း သယ်ဆောင်လာသည်ဟု ဆိုသည်။

 

ရဲတပ်ဖွဲ့က တိုက်ခိုက်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်